Fruit Basket Pencil Drawing

in HIVE-MYANMAR2 years ago

ဒီနေ့ သစ်သီးခြင်းတစ်ခုကို ခဲတံဖြင့် ဆွဲထားပါတယ်။ ခြင်းပုံစံနဲ့ အသီးငါးမျိုးခန့်ကိုဆွဲထားပြီး၊ ဒီလို သစ်သီးခြင်းပုံစံတွေကို ယခင်က သိပ်မဆွဲဖြစ်ပါဘူး။ အဖြူရောင်စက္ကူပေါ်မှာ ခဲတံဖြင့်ဆွဲထားတာပါ။

ပထမဆုံးခြင်းကိုဆွဲပါတယ်။ ထိုခြင်းရဲ့အပေါ်ဘက်အနားတွေမှာ မျဥ်းကွေးလေးတွေဆွဲပြီး၊ နောက်တစ်ဆင့်မှာ ပုံအတိုင်း ပြောင်းလဲ၍ ပြန်ပြင်ဆွဲပါတယ်။ နောက်ထပ်မျဥ်းကွေးတွေကိုလည်း ထပ်မံဖြည့်ပါတယ်။ အသီးတွေထဲမှာတော့ ငှက်ပျောသီးများနဲ့ ပန်းသီးကိုပထမဆုံးဆွဲ၍ စပျစ်သီးများနဲ့ အခြားအသီးပုံစံတွေကို ထပ်မံဆွဲပါတယ်။

ဒီအဆင့်မှာ သူတို့ကို ပို၍ သဘာဝကျပြီး၊ လှပနေစေရန် ပုံအတိုင်း shade ဆွဲပါတယ်။ ပထမဆုံးခြင်းပေါ်မှာ shade တွေထည့်ဆွဲပါတယ်။ နောက်တစ်ဆင့်မှာ အသီးတွေပေါ်မှာလည်း shade ထည့်ပါတယ်။ ငှက်ပျောသီးတွေပေါ်မှာ လိုအပ်တဲ့မျဥ်းတွေဆွဲ၍ အစက်လေးတွေကို ထည့်ဆွဲပါတယ်။

ထိုသစ်သီးခြင်းကိုဆွဲရတာ အရမ်းမလွယ်ကူပါဘူး။ ထိုပုံက လှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။

September 6, 2024

Sort:  

cool

Thank you.