Beautiful Paper Pen Holder, How to Make it

in HIVE-MYANMAR6 days ago

ဒီနေ့ အရမ်းလှတဲ့ paper pen holder တစ်ခုကိုပြုလုပ်ထားပါတယ်။ ဒီတစ်ခုအတွက် အရွယ်တူ box သုံးခုခေါက်ရမှာပါ။ ထိုအပေါ်မှာ အလှဆင်ရန် paper bow တစ်ခုကိုလည်းပြုလုပ်ရမှာပါ။ ထို paper bow ပုံစံကို ယခင်က တစ်ခါမှမပြုလုပ်ရသေးပါဘူး။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ ကတ်ကြေး၊ကော်၊ ခဲတံ၊ ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ ပန်းရောင်စက္ကူရဲ့အလျားနဲ့အနံကို 21cm စီဖြင့်ဖြတ်၍ ထိုစက္ကူကို တစ်ဝက်ခေါက်ပါတယ်။ အနားနှစ်ဘက်ကို အလယ်မျဥ်းသို့ခေါက်၍ အခြားတစ်ဘက်ကိုလည်း ထိုနည်းအတိုင်း ခေါက်ရမှာပါ။ ထောင့်လေးခုကို ပုံအတိုင်းခေါက်၍ အနားနှစ်ဘက်ကို အလယ်သို့ ပြန်ခေါက်ပါတယ်။ ထိုစက္ကူရဲ့ အစွန်းတစ်ဘက်မှာ ထည့်ရန် လေးထောင့်ပုံစံ အစိမ်းရောင် စက္ကူတစ်ရွက်ကိုဖြတ်ပြီး ပုံအတိုင်း ထည့်ပါတယ်။ နောက်တစ်ဆင့်မှာ အနားနှစ်ဘက်ကို အတူတကွ ဆက်ရမှာပါ။ နောက်ထပ် box နှစ်ခုကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါတယ်။ သူတို့ကို အတူတကွကော်ကပ်ရမှာပါ။

အလှဆင်ရန် paper bow အတွက် စက္ကူကို 21cm, 5cm ဖြင့်ဖြတ်၍ ထိုစက္ကူကို အညီအမျှအပိုင်း လေးပိုင်းဖြစ်အောင်ခေါက်ပါ တယ်။ အစွန်းလေးဘက်ကို ပုံအတိုင်း အနည်းငယ်စီ ဖြတ်၍ အစွန်းနှစ်ဘက်ကိုလည်း ပုံအတိုင်း ဖြတ်ပါတယ်။ ထိုစက္ကူကို ဖြန့်ပြီးနောက် ခေါက်ချိုးမျဥ်းနှစ်ခုကို အလယ်မျဥ်းသို့ခေါက်၍ ကော်ကပ်ပါတယ်။ ပန်းရောင်စက္ကူအပိုင်းတစ်ခုကိုခေါက်၍ အလယ်မှာ ကော်ကပ်ပါတယ်။ ထို paper bow ကို pen holder ပေါ်မှာပုံအတိုင်း အလှဆင်ပါတယ်။

ထို pen holder မှာ အရွယ်တူ box တွေသုံးခုပါဝင်တာကြောင့် အများကြီးအသုံးပြုနိုင်မယ်ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

March 19, 2025
Written by @asterkame
By my photos & made by me