Photo from Carabao EFL Cup
Hello, Nice to meet you all.
Today early morning there is another EFL Carabao Cup Semi Final match played, Liverpool vs Fulham. As you know both teams from EPL, they know each other well and the match is really competitive and entertaining. Liverpool won with Fulham with 2-1. Fulham scores first and Liverpool score back draw and winning goals. What a nice come back. In this season Liverpool is better than last season.
Another competitive Semi Final match is Real Madrid vs Atletico Madrid (can say Madrid Derby) as Spain Super Cup. Totally score 8 goals in one match. What a nice game. One team scores first and one team refutes. Atletico scores first at 6 minutes and Real refutes this and score one more goal but Atletico refutes this and score one more goal back. But Real score back at 85 minute as draw match (3-3) for 90 minutes. They play extra times and Real scores another two goals to make sure for their wining result. What a great game. Another best match of Madrid Derby.
Tomorrow early morning (1:30 AM GMT +6:30) there is another Spain Super Cup Semi Final match, Barcelona vs Osasuna.
Let enjoy your favorite football match. See you tomorrow guys.
Photo from Real Madrid Facebook Page
ဒီနေ့ မနက် အစောပိုင်းမှာတော့ နောက်ထပ် EFL Cup ဆီးမီး ဖိုင်နယ် ပွဲစဉ်တပွဲ ယှဉ်ပြိုင် ကစား သွားခဲ့ပါတယ်။ လီပါပူးနှင့် ဖူလ်ဟမ်တို့ရဲ့ ပွဲစဉ်ပါ။ လီပါပူးက ၂-၁ ဂိုးဖြင့် အနိုင်ရသွား ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ဖူလ်ဟမ်က အရင် သွင်းခဲ့ပေမယ့် ချေပဂိုးနှင့် အနိုင်ဂိုးတွေကိုတော့ လီပါပူးက ပြန်လည်သွားယူ သွားခဲ့ပြီး ပထမ အကျော့ကို အနိုင်ယူသွားခဲ့ပါတယ်။ နှစ်သင်းလုံးက ပရီးမီးယားလိဂ်က အသင်းတွေမို့ တသင်းအထာ တသင်းက သိနေတာကြောင့် ပွဲက အပြန်အလှန်ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။
အိမ်ရှင်အသင်းတွေ အသာရခဲ့တဲ့ ပထမကျော့လို့ ပြောရပါလိမ့်မယ်။ ပထမကျော့မှာ ရှုံးနိမ့်ထားတဲ့ အသင်းတွေ ဒုတိယ ကျော့မှာ ပြန်လာနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
နောက်ထပ် ကြည့်ကောင်းတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တပွဲလည်း ရှိနေပါသေးတယ်။ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲပဲ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲ ဖြစ်တဲ့အပြင် မက်ဒရစ်ဒါဘီပွဲ ဖြစ်နေတာကြောင့်လည်း ယခုပွဲက အကြိတ်အနယ် ရှိလှပါတယ်။ အားလုံး ထင်မှတ်မျှော်လင့်ထားတဲ့အတိုင်းပဲ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပွဲက မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။
မိနစ် ၉၀ အတွင်ူ တဖက်ကို ၃ ဂိုးစီ သရေကျနေလို့ အချိန်ပို ထပ်ကစားရပါတယ်။ အချိန်ပိုမှာတော့ ရီးရဲက ၂ ဂိုးထပ်သွင်းပြီး အက်သလက်တီဂိုကို ၅-၃ ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ သူက သွင်းလိုက် ကိုယ်က ပြန်သွင်းလိုက်တဲ့ တကယ့်ကို ကောင်းလွန်းလှတဲ့ ဒါဘီ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
နက်ဖြန် မနက်မှာတော့ အခြား ဆီမီးဖိုင်နယ် ပွဲတပွဲ ဖြစ်တဲ့ ဘာစီလိုနာနှင့် အိုဆာဆူနာတို့ရဲ့ ပွဲစဉ် ရှိနေပါသေးတယ်။ ဘယ်အသင်း အနိုင်ရသွားမလဲ ဆိုတာကို ကြည့်ရှု အားပေးလိုက်ရအောင်။
နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။