(Photo from Thailand Team Facebook page)
Yesterday there are other matches of Asian Cup Round of 16 played. Uzbekistan won Thailand with 2-1. So there's no team form ASEAN Zone. Our journey is ended with Round of 16. We need to improve for next stage. We hope we will get higher at next Competition.
Another match, Saudi Arabia vs South Korea the really interesting and amazing match for us. Saudi score first but Korea score back at 90+9 minutes. It's really incredible. Korea can get more goals if Saudi Goal Keeper didn't save. Because of draw they play extra time but still draw they take penalty for final determine. Korea Keeper save two penalty goals and they won with (2-4). Kore attempt to Quarter Final stage and they will play with Australia. Asian Teams are nice but still need to improve to caught the World class level.
EPL matches also played at early morning. 5 matches played. The surprise matches are Luton Town vs Brighton and Aston Villa vs New Castle United. Luton Town won Brighton with 4-0 (Hat Trick by Adebayo). Aston Villa lose New Castle with 1-3. Tomorrow early morning Liverpool vs Chelsea will play. The big match for this week.
See you tomorrow guys.
မနေ့က အာရှဖလား 16 သင်း အဆင့် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား၏။ ဥဇဘတ်ကစ္စတန်နှင့် ထိုင်း၊ ဆော်ဒီအာရေဗီယနှင့် ကိုရီးယားတို့ ယှဉ်ပြိုင် ကစားခဲ့၏။ ဥဇဘတ်ကစ္စတန်က ထိုင်းကို 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဥဇဘတ်ကစ္စတန်က ဦးဆောင်ဂိုး အရင် သွင်း၏။ ထိုင်းက ချေပဂိုး ပြန်သွင်း၏။ ဒါပေမယ့် နောက်ထပ် ဦးဆောင်ဂိုးကိုတော့ သူတို့ မချေပနိုင်သဖြင့် ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းခွင့် မရဘဲ 16 သင်း အဆင့်ဖြင့်သာ အာရှဖလား ကနေ ထွက်ခွာသွားခဲ့ ရပြီ ဖြစ်၏။
အာဆီယံဇုန်ကနေ 16 သင်း အဆင့် တက်နိုင်ခဲ့သည့် အင်ဒိုနီးရှားကော၊ ထိုင်းကော ကွာတားဖိုင်နယ် အဆင့်သို့ မတက်လှမ်း နိုင်ခဲ့ပေ။ ကျနော်တို့ အရှေ့တောင်အရှ အသင်းတွေ အနေဖြင့် အာရှ၏ အခြားဒေသမှ အသင်းတွေကို ရင်ဘောင်တန်းနိုင်ဖို့ အချိန်တော့ လိုပေလိမ့်ဦးမည်။ ကိုယ်တွေက တန်းတခု ရောက်လာလိုက် သူတို့ကလည်း တဆင့် ထပ်မြင့်သွားလိုက်နှင့် ဆိုရင်တော့ မထူးပေ။ သူတို့ တလှမ်းဆို ကိုယ်တွေ နှစ်လှမ်း၊ သုံးလှမ်း လှမ်းနိုင်မှသာ ရပေလိမ့်မည်။
ဆော်ဒီနှင့် ကိုရီးယားတို့ ပွဲစဉ်မှာတော့ တဖက်တဂိုးစီ သရေကျနေသဖြင့် အချိန်ပို ဆက်ကစားရ၏။ အချိန်ပိုမှာလည်း ဘယ်ယူ့ ဘယ်သူမှ ဂိုးထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရ၏။ ပင်နယ်တီမှာတော့ 2-4 ဖြင့် ကိုရီးယားက အနိုင်ရသွားခဲ့၏။ ပွဲက အကြိတ်အနယ် ရှိလှ၏။ ဆော်ဒီက ဦးဆောင်ဂိုး အရင်သွင်း၏။ ဒုတိယပိုင်း ပြန်အစ 46 မိနစ်မှာ ကတည်းက သွင်းယူထားခြင်း ဖြစ်၏။ ထို ဂိုးဖြင့် တောက်လျောက် ထိန်းလာခဲ့ပြီးမှ နာကျင် အချိန်ပိုမှာ ချေပဂိုး ပြန်သွင်းတာ ခံလိုက်ရ၏။
ဂိုးပေးရပြီး နောက်ပိုင်း ကိုရီးယားက တောက်လျောက် တိုက်စစ်ဆင် ဖိကစား၏။ ဆော်ဒီ ဂိုးသမား ကာကွယ်တာ ကောင်းလွန်းနေလို့သာ ခပ်စောစော ဂိုး ပြန်မပေးရခြင်း ဖြစ်၏။ ပင်နယ်တီမှာတော့ ကိုရီးယားဂိုးသမားက တဖန်ပြန် လက်စွမ်း ပြသွားခဲ့၏။ ဆော်ဒီအသင်း၏ ကန်သွင်းမှု နှစ်ခုကို ကာကွယ် ပြသွားခဲ့၏။
အာရှ၏ ထိပ်သီး အသင်းတွေ မလို့ ပွဲက ကြည့်ကောင်းခဲ့တာ မှန်သော်လည်း ကမ္ဘာအဆင့် အနေအထားနှင့် ကြည့်ရင်တော့ အာရှ၏ ဘောလုံး အဆင့်အတန်းက လိုနေပါသေး၏။ ကစားပုံ ကောင်းကြတယ် ဆိုပေမယ့် အမှားတွေလည်း များနေသေး၏။ ပြင်ဆင်ရပေလိမ့်ဦးမည်။
EPL ပွဲစဉ်တွေမှာတော့ သရေကျသည့် ပွဲ တပွဲသာ ပါပြီး ကျန် လေးပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ အံဩရသည့် ပွဲစဉ်တွေကတော့ လူတန်တောင်းနှင့် ဘရိုက်တန်၊ အက်စတုန်ဗီလာနှင့် နယူးကာဆယ်တို့၏ ပွဲစဉ် ဖြစ်၏။ လူတန်တောင်းက ဘရိုက်တန်ကို 4-0 ဂိုးပြတ် အနိုင်ရသွား၏။ အက်စတုန်ဗီလာကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို 1-3 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ နက်ဖြန် မြန်မာစံတော်ချိန် နံနက် 2 နာရီ 45 မိနစ်မှာတော့ လီပါပူးနှင့် ချယ်လ်ဆီးတို့၏ ပွဲကောင်း တပွဲရှိ၏။ ထတော့ မကြည့်နိုင်လောက်တော့ပေ။
နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။