Photo from Manchester United Facebook Page
Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
Premier League Week (19) is start today. There are 5 matches play first. 3 matches at early night and 2 matches at early morning.
New Castle vs Nottm Forest
Bournemouth vs Fulham
Sheffield United vs Luton Town
Burnley vs Liverpool
Manchester United vs Aston Villa
All matches really interesting for us. For me I interesting Manchester United vs Aston Villa more than other matches. This match is another quality (qualify) check for Aston Villa not for United. Aston Villa beat Arsenal and Manchester City at their home game. And they also beat Chelsea and Tottenham at away game. They unbeaten in 4 away games. They are almost solid than United. We didn't expect too many even we play at Old Trafford. We want to win today match but if we draw that is also nice. That is our current situation. Every Team didn't afraid United since Sir Alex left United.
Another match Burnley vs Liverpool, I think Liverpool will win this match and take the 1 st place for while.
After didn't change Fantasy Team players for about 2 weeks, now I make some transfers. I change Edouard (Crystal Palace) with Joao Pedro (Brighton) and Mitoma (Brighton) with Bowen (West Ham). I want to get more points than week 18.
See you tomorrow guys.
ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ကစားပြီး တရက်အကြာမှာပင် ပွဲစဉ် ၁၉ ပြန်လည်စတင်မည် ဖြစ်၏။ ဒီဇင်ဘာကာလ မလား။ ဒီအချိန် ဒီအပိုင်းအခြားမှာ အသင်းတချို့ရဲ့ အခြေအနေမှန်တွေ ပေါ်ပေါက် လာလေ့ ရှိတတ်၏။ ပွဲစဉ် ၁၉ ကစားပြီးရင်တော့ ရာသီဝက် ချန်ပီယံလည်း ပေါ်ထွက်လာမည် ဖြစ်၏။ အာဆင်နယ်လား၊ လီပါပူးလား၊ အက်စတုန်ဗီလာလားပေါ့။ ခရစ်စမတ် ချန်ပီယံကတော့ အာဆင်နယ်ပေါ့။
ဒီနေ့ည အစောပိုင်းမှာ ၃ ပွဲနဲ့ နောက်နေ့ မနက် အစောပိုင်းမှာ ၂ ပွဲ ကစားသွားဖို့ ရှိ၏။ မန်ယူ၊ လီပါပူးတို့၏ ပွဲစဉ်လည်း ပါဝင်နေ၏။ လီပါပူးက ဘန်လေနဲ့ အဝေးကွင်း၊ ယူနိုက်တက်က အက်စတုန်ဗီလာနဲ့ အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ လီပါပူးက ဘန်လေကို နိုင်ကောင်း နိုင်သွားနိုင်ပေမယ့် ကိုယ်တွေ မန်ယူအဖို့ ဗီလာကို နိုင်ဖို့က မလွယ်လှပေ။ အက်စတုန်ဗီကလည်း အက်စတုန်ဗီလာပဲ မလား။ အသင်းကြီးတွေထဲမှာဆိုရင် လီပါပူး တသင်းထဲကိုသာ အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးထားပြီး စပါး၊ ချယ်လ်ဆီးတို့ကို အဝေးကွင်းမှာ၊ အာဆင်နယ်၊ မန်စီးတီးတို့ကို အိမ်ကွင်းမှာ အနိုင်ကစားထား၏။ သရဲနီတို့အဖို့ မျက်ခုံးလှုပ်စရာပင်။
ပရီးမီးယားလိဂ် ခရီး တဝက်အရောက်ထိ အက်စတုန်ဗီလာ၏ ခြေစွမ်းက တည်ငြိမ်နေဆဲ ဖြစ်၏။ သုံးပုံ ပုံ နှစ်ပုံ အရောက်ထိ တချက် စောင့်ကြည့်ရမည်။ သူတို့ အနေဖြင့် ယူရိုပါကွန့်ဖရန့်လိဂ် ကစားဖို့ကလည်း ရှိနေသေးသည် မဟုတ်လား။ ပွဲကြပ် ကာလများ၊ အကြိတ်အနယ် ပွဲစဉ်များကို သူတို့ ဖြတ်ကျော်နိုင်ပါ့မလားကတော့ စိတ်ဝင်စားစရာပင်။ အားလုံး အံ့ဩသင့်သွားအောင် ခုထိ သူတို့ လုပ်ပြနေဆဲပင်။
နှစ်ပတ်ဆက်တိုက် လူအပြောင်းအလဲ လုပ်ဖို့ မေ့နေခဲ့သည့် မိမိ၏ fantasy team ကိုလည်း ဒီတပတ်မှာ အချိန်မှီ စစ်ကြည့်ရသေး၏။ ကစားသမား အပြောင်းအလဲ နှစ်ခု လုပ်ထား၏။ ဒါတောင် ကိုယ့် အသင်းမှာ နာနေသူ၊ ပွဲပယ်ခံထားရသူတွေ ကျန်နေသေး၏။ ဒီတပတ်တော့ ယခင် တပတ်ထက် အမှတ်များများ ရတန်ကောင်းပါရဲ့လေ။
ကဲ နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။