(photo from Manchester United Facebook page)
Today early morning Wolves vs Manchester United match played. Man United won Wolves with (3-4). I think this is also the another great match of EPL week 22. Mainoo the young player of United who only 18 years old. He scored the winning goal. He always show his best performance. He is the future Midfielder for United. And we can see and feel Man United DNA from him. Come on Mianoo let shinning.
Because of winning this match United up to 7 th place from 9 th place. European hope still alive by winning this match. Well play United.
Today there are Asian Cup Quarter Final stage will play at 6:00 PM and 10 PM GMT+6:30, Tajikistan vs Jordan and Australia vs South Korea. Australia vs Korea match will big match for me. There are full of great match at this two months.
Let enjoy guys and see you tomorrow.
ဒီနေ့ မနက်အစောမှာ ကစားသွားသည့် ဝုဗ်နှင့် ယူနိုက်တက်ပွဲက မထင်မှတ်ဘဲ အတော်လေး ကြည့်ကောင်းသွားခဲ့၏။ မနက် ၂ နာရီ ၄၅ မိနစ် ဆိုတော့ ထတော့ မကြည့်ဖြစ်တော့ပေ။ ည ၁၂ နာရီ သို့မဟုတ် မနက် ၁ နာရီလောက်ဆိုရင်ကို ကြည့်ဖြစ်ဦးမယ်။ ခုအချိန်ကကြ အိပ်ပြီးမှ ထကြည့်ရအောင်လည်း မဟုတ် မအိပ်ဘဲ စောင့်ကြည့်ဖို့ကလည်း မလွယ်ပေ။ မနက်အိပ်ရာနိုး ပွဲရလဒ်ကို သွားကြည့်တော့ အတော်လေး အံဩ သွားမိ၏။ (၃-၄) ဂိုးဖြင့် ယူနိုက်တက် နိုင်သွား၏။
ဝုဗ်က အိမ်ကွင်းမာ၏။ အိမ်ကွင်း ကစားပုံက အဝေးကွင်းထက် အများကြီး သိသာ၏။ သူတို့ အိမ်ကွင်းမှာ အသင်းကြီးတွေကို အနိုင်ယူခဲ့တာမှ အများကြီး။ ထို့ကြောင့်လည်း မနေ့က ယူနိုက်တက်တို့အဖို့ သိပ်ပြီး မလွယ်လောက်ကြောင်း ကြိုတွေးထားပြီးသား။ အရိုးသားဆုံး ဝန်ခံရရင် အရှုံးနှင့် သရေ လောက်ဟုသာ တွက်ထားပြီးသား။ နိုင်သွားတော့လည်း ဝမ်းသာရသည်ပေါ့။ ဟိုက်လိုက်လေး အပြေးအလွှား သွားပြန်ကြည့်ရတော့၏။
ဂိုးတွေကတော့ အပြန်အလှန် သွင်းကြ၏။ ယူနိုက်တက်က ၂ ဂိုး အရင်သွင်းပြီး ဝုဗ်က ၁ ဂိုး ပြန်သွင်း၏။ ထို့နောက် ယူနိုက်တက်က ၁ ဂိုး ထပ်သွင်းပြီး (၁-၃) ဂိုးဖြင့် ပြန်ဦးဆောင်ထားပြန်၏။ ဒါပေမယ့် ဝုဗ်က ၈၅ မိနစ်နှင့် ၉၀+၅ မိနစ် တို့မှာ ၂ ဂိုးဆက် ပြန်သွင်းပြီး သရေရလဒ်ကို ဖော်ဆောင်၏။ သရေနှင့်ပဲ ပွဲပြီးပြီဟု ထင်ထားချိန်မှာမှ ယူနိုက်တက်ရဲ့ လူငယ်ကစားသမားလေး မိုင်နူးက ၉၀+၇ မိနစ်မှာ အနိင်ဂိုးကို သွင်းယူသွားပေးနိုင်ခဲ့၏။
ပွဲအရှိန်က ပွဲပြီးခါနီးနှင့် ပွဲပြီးချိန်ထိ ဆက်တိုက်ကို တက်သွားခဲ့၏။ ယခုပွဲ အနိုင်ကြောင့် ယူနိုက်တက်တို့ အဆင့် ၉ နေရာကနေ အဆင့် ၇ နေရာသို့ တက်လှမ်း လာနိုင်ခဲ့၏။ ယခု အနိုင်ရလဒ်က နောက်ရာသီ ဥရောပဝင်ခွင့် မျှော်လင့်ချက်လေးကို ဆက်လက် ရှင်သန် စေခဲ့၏။
ဒီနေ့မှာ အာရှဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ ကစားသွားဖို့ ရှိ၏။ မြန်မာစံတော်ချိန် ည ၆ နာရီမှာ တာဂျစ်ကစ္စတန်နှင့် ဂျော်ဒန်၊ ည ၁၀ နာရီမှာ ဩစတေးလျနှင့် ကိုရီးယားတို့ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်၏။ ဩစတေးလျနှင့် ကိုရီးယာပွဲကတော့ အတော်လေး ကြည့်ကောင်းမည့် ပွဲပင်။
ပွဲကြီး ပွဲကောင်းတွေက တောက်လျောက်ကို ရှိနေခဲ့၏။ နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။