(Photo from Carabao Cup Facebook Page)
Yesterday Final matches of Group D is played. Iraq vs Vietnam and Japan vs Indonesia. Iraq won Vietnam with 3-2 and Japan won Indonesia with 3-1. Iraq and Japan qualify to knockout stage. Indonesia will wait to other Group matches results to expect as best 3 rd Team.
Today Final matches of Group E and G will play, Group E at 6:00 PM and Group F at 9:30 PM (GMT +6:30). Group E, Jordan vs Bahrain and South Korea vs Malaysia. Jordan 4 points, South Korea 4 points, Bahrain 3 points and Malaysia no points. So Jordan vs Bahrain match is more interesting. If draw both teams will qualify to knockout stage, one team as best 3 rd Team. There is no doubt Korea can beat Malaysia.
Group F, Kyrgyzstan vs Oman and Saudi Arabia vs Thailand. Saudi Arabia 6 points, Thailand 4 points, Oman 1 points and Kyrgyzstan no points. I think Saudi Arabia will qualify as 1 st place. Thailand and Oman one with 2 nd and one will 3 rd place. Thailand is the one (first) team which qualify to knockout stage from ASEAN zone.
Today early morning there is another Carabao Cup Semi Final match (2 nd leg) Fulham vs Liverpool, draw with 1-1 and final result (2-3). Liverpool attempt to Final stage. They will play with Chelsea at February 25. What do you think, which team will champion.
See you tomorrow guys.
မနေ့က အုပ်စု D ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစား၏။ အီရတ်က ဗီယက်နမ်ကို ၃-၂ ဂိုး၊ ဂျပန်က အင်ဒိုနီးရှားကို ၃-၁ ဂိုးဖြင့် အသီးသီး အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့၏။ ၃ မှတ် ရထားသည့် အင်ဒိုနီးရှားတို့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ နောက်တဆင့် တက်နိုင် မတက်နိုင်က ဒီနေ့ ကစားမည့် အုပ်စု E နှင့် F ပွဲစဉ် ရလဒ် တွေကို စောင့် ကြည့်ရပေလိမ့်ဦးမည်။
လက်ရှိ အနေအထားအရ ဆီးရီးယားနှင့် ပါလက်စတိုင်းတို့ အကောင်းဆုံး တတိယအသင်း အဖြစ် နောက်တဆင့် တက်ဖို့ သေချာ သလောက် ရှိနေ၏။ နှစ်သင်းလုံးက ၄ မှတ်စီ ရထားသည်ကိုး။ အုပ်စု ၆ ခုက တတိယရသည့် ၆ သင်းထဲကမှ ၄ သင်းက နောက်တဆင့် တက်မည် ဖြစ်၏။ ၂ မှတ်သာ ရထားသည့် တရုတ်ကတော့ မဖြစ်နိုင်တော့ပေ။ ၃ မှတ်သာ ရထားသည့် အင်ဒို အဖို့ကလည်း သိပ်တော့ မသေချာသေးပေ။
ဒီနေ့ မြန်မာစံတော်ချိန် ည ၆ နာရီနှင့် ည ၉ နာရီခွဲတို့တွင် အုပ်စု E နှင့် F တို့၏ အုပ်စု နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစား သွားဖို့ ရှိ၏။ ဘယ်အသင်းတွေက လွတ်လွတ်ကျွတ်ကျွတ် နောက်တဆင့် တက်သွားမလဲ၊ ဘယ်အသင်းတွေကတော့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ နောက်တဆင့် တက်သွားမလဲ ကတော့ မကြာခင် ရုပ်လုံးပေါ်ပြီး ကွဲကွဲပြားပြား သိရတော့မည် ဖြစ်၏။
ဒီနေ့ မနက် အစောက Carabao Cup ဆီမီးဖိုင်နယ် ပွဲစဉ် ကစား၏။ ခုတကျော့မှာ ဖူလ်ဟမ် ၁-၁ လီပါပူး သရေ ရလဒ် ဖြစ်ပေမယ့် နှစ်ကျော့ပေါင်းမှာ (၂-၃) ဖြင့် လီပါပူးက နောက်တဆင့် တက်သွားခဲ့၏။ ဖိုင်နယ်မှာ ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ဘယ်အသင်းက ချန်ပီယံ ဖြစ်သွားမလဲ။ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။