ဒီနေ့ ပုံနှစ်ပုံကို ဆွဲထားပါတယ်။ ထိုပုံတွေကို အဖြူရောင်စက္ကူပေါ်မှာ ခဲတံဖြင့် ပထမဆုံးဆွဲ၍ watercolor ဖြင့် ဆေးခြယ်ထားပါတယ်။ ပုံတစ်ပုံက သစ်ကိုင်းပေါ်မှာ ရှိနေတဲ့ ငှက်တစ်ကောင်ပုံပါ။ နောက်တစ်ပုံက သစ်ပင်ပုံပါ။
ထိုပုံမှာ background ကို ပထမဆုံးအပြာရောင်ဖြင့်ခြယ်၍ သစ်ပင်ရဲ့အကိုင်းအခက်တွေကို အနက်ရောင်ဖြင့်ဆွဲပါတယ်။ ဒီအဆင့်မှာ earbud ကိုအသုံးပြု၍ အဝါရောင်သစ်ရွက်တွေကို ဆွဲထားပါတယ်။
ငှက်ပုံနဲ့ သစ်ကိုင်းတစ်ခုကို ခဲတံဖြင့် ပထမဆုံးဆွဲ၍ ငှက်ကို အဝါ၊အပြာရောင်နဲ့ လိမ္မော်ရောင်တို့ဖြင့်ခြယ်တယ်။ ငှက်ရဲ့ နှုတ်သီးနဲ့ မျက်လုံးများကို အနက်ရောင်ဖြင့် ခြယ်ပါတယ်။ တောင်ပံတွေပေါ်မှာ အဖြူရောင်ဖြင့်ထပ်မံခြယ်ပါတယ်။ သစ်ကိုင်းကိုတော့ အနက်ရောင်ခြယ်၍ ငှက်ရဲ့ခြေထောက်ကို အညိုရောင်ဖြင့် ခြယ်ထားပါတယ်။
ထိုပုံလေးတွေက အရမ်းလှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။
April 8, 2025